Home About LOTTE LOTTE HOTEL Brands

Our Brand

SIGNIEL

သင်တွေ့ကြုံဖူးသမျှ၌ အကောင်းဆုံးကိုသာပေးအပ်ပါမည်ဟု SIGNIEL က သင့်ကိုကတိပေးပါသည်။

အံဝင်ဂွင်ကျဖြစ်အောင်စီမံထားသော ဝန်ဆောင်မှုများက သင်ရောက်ရှိချိန်မှ စပြီး သင်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ်ရာ သင်မျှော်မှန်းထားသည်ထက် သာလွန်မည်ဖြစ်သည်။ SIGNIEL ကပေးအပ်နေသည့် အကောင်းမွန်ဆုံးသောဝန်ဆောင်မှု များကိုထိတွေ့ခံစားကြည့်ပါ။ ထိုမျှသာမက SIGNIEL ၌နေထိုင်လျက် ရှိသောဧည့်သည်များအတွက် အမျိုး စုံလင်လှသောစားဖွယ်သောက်ဖွယ် ရာများကို အပန်းဖြေသုံးဆောင်နိုင်မည့် လုံးဝကိုယ်ပိုင်နီးပါး သီးသန့်နေရာများ ရှိပါသည်။ သင်၏ကိုယ်ပိုင်ဧည့်ခန်းအလား သက်သောင့်သက်သာရှိမည့် ဧည့်ခန်းဆောင်အတွင်း သင့်အတွက် တန်ဖိုးရှိလှသောအချိန်ကိုရယူ ဖြတ်သန်းလိုက်ပါ။

လျှာရင်းမြက်စေမည့် အကောင်းဆုံး သောအစားအသောက်များကို ကမ္ဘာ့ အဆင့်စားဖိုမှူးက စေ့စေ့စပ်စပ် ပြင်ဆင်ချက်ပြုတ်ပေးနေပြီး SIGNIEL ၌ သင်၏အတွေ့အကြုံအား လှပစွာပြည့်စုံ စေလိမ့်မည်ဖြစ်သည်။ စားဖိုဆောင်နှင့်စားသောက်ခန်းမ အကြားတွင် ကန့်သတ်ထားသည့် နေရာမရှိပဲ ကမ္ဘာ့အဆင့်မီဟင်းလျာ

ဒီဇိုင်း ၊ ဝန်ဆောင်မှုနှင့် လျှာရင်းမြက် စေမည့်အစားအစာကဲ့သို့ SIGNIEL ကို ပေါ်လွင်စေသောအချက်များစွာသည် ကိုရီးယားရိုးရာယဉ်ကျေးမှုနှင့် ပေါင်းစပ်ထားပါသည်။ ကိုရီးယားယဉ်ကျေးမှုအလှတရားကို ခေတ်မီနည်းလမ်းဖြင့် သရုပ်ဖော်ထား သောကြောင့် ဧည်သည့်များအနေဖြင့် ဖော်ထုတ်တွေ့ရှိနိုင်ကာ ယင်း၏ ခံစားမှုရသများနှင့်အတူ လိုက်ပါစီးမျော နိုင်ကြမည်ဖြစ်သည်။
Executive Tower Charlotte Suite Twin Room

LOTTE HOTELS

LOTTE HOTEL သည် နေရာလွတ်များစွာရှိသည်၊ အဆင်ပြေချောမွေ့ပြီး သက်တောင့်သက်သာဖြစ်သည့် ဧည့်သည်နားနားနေနေ အနားယူနိုင်သောအမျိုးအစား အခန်းများဖြင့် ဖြည့်တင်းထားသည်၊ ကွဲပြားဆန်းကျယ်စွာတင်ဆက်ထားသည့် စားသောက်ဆိုင်များနှင့် လှပသော ဂုဏ်ပြုထမင်းဝိုင်း အသုံးအဆောင်များဖြင့် ဖြည့်ဆီးထားသည်၊ ဧည့်သည်များ၏ လုပ်ငန်းအရနှင့် အားလပ်ချိန်နှစ်ရပ်စလုံးကို ဖြည့်ဆီးပေးမည့် အဆင်ပြေချောမွေ့သော အသုံးအဆောင်များသည် သင့်အားလပ်ချိန်အတွက် အံ့ဝင်ခွင်ကျဖြစ်ပြီး အကောင်းဆုံး ဝန်ဆောင်မှုများနှင့်အတူ မြင့်မားသော သင့်ဘဝအရည်အသွေးကို ပေးရသော ဈေးနှုန်းနှင့်အညီ ခုံမှင်ခံစားနိုင်သည်။
L7 Myeongdong, Overview

L7 HOTELS

ခရီးသွားခြင်းမှာ ရပ်နားမှုမရှိသော လုပ်ငန်းစဉ်တစ်ခု ဖန်တီးမှုဖြစ်ပြီး ရင်းနှီးကျွမ်းဝင်မှုမရှိသော နေရာများသို့ သွားသည့် ခရီးလမ်းတစ်ဝက်ဝယ် မတူညီကွဲပြားသော လူနေမှုဘဝပုံစံများစွာရှိသော လူအများဖြင့် တွေ့ဆုံမှုဖြင့် အတွေ့အကြုံအသစ်များ၊ ရှာဖွေတွေ့ရှိမှုအသစ်များ ရယူခံစားခြင်းဖြင့် ကြီးထွားမှုရှိပါသည်။
Lifestyle Hotel L7 သည်သင့်ခရီးလမ်းမှာ သင်နှင့်အတူ ရှိနေပါမည်။
L7 သည် နယ်စည်းများမခြားဘဲ ဧည့်သည်များနှင့်အတူ အဆိုပါခရီးလမ်းကို ပါဝင်ရောစပ်ခြင်း၊ ဖန်တီးခြင်းနှင့် တွေ့ကြုံခံစားခြင်းအတွက် နေရာတစ်ခုဖြစ်ပါသည်။
Lotte hotel, Overview

LOTTE City Hotels

စီးပွားရေးလုပ်ငန်းရှင်များအတွက် အရာရာတိုင်းကို စိတ်ကြိုက်တွေ့စေမည့် ဒီဇိုင်းများအတိုုင်း ဖန်တီး ထားပါသည်။ LOTTE City Hotel ၏ ခေတ်မှီသည့်ဝန်ဆောင်မှုများ၊ စတိုင်လ်ကျသည့် ဧည့်သည်အခန်းများဖြင့်ဆိုလျှင် ယခုအထိသင် အိမ်မက်မက်စိတ်ကူးထားသော သင်၏ အဆင်ပြေချောမွေ့သည့် လုပ်ငန်းခရီးစဉ်များကို သင်လုပ်ဆောင်ပေးစွမ်းနိုင်ပါလိမ့်မည်။ LOTTE City Hotel သည်မည်သည့်အခက်အခဲမဆိုမျှမရှိဘဲ ဟိုတယ်၏ ရှုထောင့်အားလုံးကို သင်ခံစားနိုင်ရန်ငှာ သင်နှင့်အနီးဝန်းကျင်၌ အမြဲတမ်းရှိနေပါသည်။
Lotte hotel, Overview

LOTTE RESORT

သင့်ခရီးကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ။
အပန်းဖြေမှုမှသည် အနားယူမှုအထိ မျိုးစုံသော ရည်ရွယ်ချက်များသည် ပျော်ရွှင်မှုကို အချိုပေါ်သကာဆင့်စေသည်။
အကောင်းဆုံးသော ဝန်ဆောင်မှုနှင့် သဘာဝနှင့်လိုက်ဖက်ညီသော ပထမတန်းစား အဆောင်အယောင်များသည် သင်နှင့် သင်၏ ချစ်ခင်မြတ်နိုးရသူများကို မေ့နိုင်ဖွယ်မရှိသော
အတွေ့အကြုံကို ပေးစွမ်းမှာ သေချာသည်။