Spa & Fitness
Swimming Pool





သာယာလှပသော ကန်မြင်ကွင်းအဖုံဖုံ နှင့်အတူ နောက်ဆုံးပေါ်ပစ္စည်း အပြည့်အစုံပါရှိပြီး အလွန် သက်သောင့်သက်သာရှိကာ ခေတ်မီခမ်းနားသည့် စုပေါင်း အဆောက်အအုံအတွင်း၌တည်ရှိသော ကျွန်ုပ်တို့၏ကိုယ်ကာယကျန်းမာ ကြံ့ခိုင်ရေးစင်တာသည် ကျန်းမာပြီး စိတ်ဖိစီးမှုနည်းပါးသောနေထိုင်မှု အတွက်အခြေခံကို ပ့ံပိုးပေးမည် ဖြစ်သည်။ ကျွန်ုပ်တို့၏အားကစားခန်းမသည် သင့်အား တန်ဖိုးအကြီးဆုံးသောပစ္စည်း ကိရိယာများ၊ အင်းယားကန်၏ တုနှိုင်း မယှဉ်သာနိုင်သောအပေါ်စီးမြင်ကွင်း များဖြင့် အသက်ပင်ရှုဖို့မေ့အောင် ဖမ်းစားနေမည့်အခိုက် ရေကူးကန်များ ၊ ဂျာကူဇီခေါ် ရေစိမ်ချိုးကန်၊ ဆောင်းနာခေါ်ချွေးထုတ်ခန်းနှင့် ရေအေးကန်ငယ်များစသည့် ကျွနု်ပ်တို့၏အပန်းဖြေစရာအစုံအလင်တို့သည် မြို့တော်တွင်ကုန်ဆုံးမည့် တစ်နေ့တာအတွက် အကောင်းဆုံး ဖြေဖျောက်ပေးနိုင်မည့်အရာပင် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ခမ်းနားသပ်ရပ်လှသော အဝတ်လဲခန်းများတွင် ဂုဏ်သတင်း မွှေးပျံ့သော LOTTE HOTEL ကဲ့သို့ ဟိုတယ်ထံမှ သင်မျှော်လင့်ထားသည့် အရာများ အားလုံး ရှိနေမည်ဖြစ်သည်။ အမျိုးသား၊ အမျိုးသမီးများအတွက် ဖီးလိမ်းပြင်ဆင်ရာအခန်းများမှာ တစ်ကိုယ်ရေလွတ်လပ်မှုနှင့်စည်းစိမ် ရှိရေးတို့ကိုဦးစားပေးထားခြင်းနှင့်အတူ ကျွန်ုပ်တို့၏ ရေကန်ငယ်များ၊ အပူအအေးချွေးထုတ်ခန်းများအပြင် ကျယ်ဝန်းသည့်ပစ္စည်းသိမ်းဆည်းရာ လော့ကာနေရာနှင့်လည်း ကပ်လျက် တည်ရှိနေပါသည်။
Overview
-
TypeFitness
-
LocationB1F
-
Hours05:30 AM - 11:00 PM
Details
ကျွန်ုပ်တို့၏ရေကူးကန်ကို အဖွဲ့ဝင်များနှင့်ဟိုတယ်ဧည်သည့်များ အတွက်သာလျှင်ဖွင့်လှစ်ထားပါသည်။
• ဧရိယာ - ဟိုတယ်တွင်းရေကူးကန် = ၃၃၇.၁ စတုရန်းမီတာ