ပြတိုက်
ROOMS
ကမ္ဘာလှည့်ခရီးသွားများ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် အမျိုးမျိုးသော ခရီးသွားဧည့်သည်များ စိတ်ကျေနပ် မှု အပြည့်အဝရရှိစေရန် နေရာထိုင်ခင်းများစီစဉ်ထားရှိပါသည်။
• အခန်းပေါင်း ၃၄၃ခန်းရှိပြီး ကြည်ညိုဖွယ်ရာကောင်းသော ရွှေတိဂုံစေတီတော်၏ မြင်ကွင်းနှင့် အင်းယားကန်၏ လှပရူမောဖွယ် မြင်ကွင်းကို မြင်တွေ့နိုင်ပါသည်။
• ခေတ်မီဆန်းသစ်လှပသော နောက်ဆုံးပေါ်ဒီဇိုင်းများဖြင့် အခန်းတိုင်းပြင်ဆင်ထားရှိပါသည်။
- ကျယ်ဝန်းလှပသော အခန်းတိုင်းတွင် ခမ်းနားထည်ဝါသော အသုံးအဆောင် ပရိဘောဂပစ္စည်းများကို အသုံးပြုထားပါသည်။
DINING
ကမ္ဘာတစ်ဝှမ်းမှ ဟင်းလျာများနှင့် ထင်ရှားကျော်ကြားသော ဒေသအစားအစာများကို ရန်ကုန်မြို့ရှိ လိုတေးလ် ဟိုတယ်၏ စားသောက်ဆိုင်တွင် ဧည့်သည်တော်များ စိတ်တိုင်းကျမြင်တွေ့ပြီး မြည်းစမ်းသုံးဆောင် နိုင်ပါသည်။
• Mugunghwa (ကိုရီးယားအစားအစာ)
• Toh Lim (တရုတ်အစားအစာ)
• La Seine (အနောက်တိုင်း၊ အာရှနှင့် ဂျပန်အစားအစာ)
• The Lounge
• Delica Hans (ကိတ်မုန့်၊ ပေါင်မုန့်)
• Pool Side Bar & BBQ
FACILITIES
လိုတေးလ်ဟိုတယ်သည် ရန်ကုန်မြို့တော်အတွင်း အလှပဆုံးနှင့် အဆန်းသစ်ဆုံးသော နေရာတစ်ခုဖြစ်ပါသည်။
• လှပထည်ဝါဆန်းသစ်သော မိုးလုံလေလုံရေကူးကန်နှင့် အတူအားကစားခန်းမ၊ ရေနွေးကန်နှင့် ချွေးထုတ်ခန်းများရှိပါသည်။
• Infinity Pool ဟုခေါ်သော အပြင်ဘက်တွင်တည်ရှိသော ရေကူးကန်မှလည်း အင်းယားကန်၏ အလှအပ မြင်ကွင်းကို ခံစားနိုင်ပါသည်။ ဧည့်သည်များ အနားယူအပန်းဖြေနိုင်စေရန် နေရာများရှိပြီး စားသောက်ဖွယ်ရာများကိုလည်း မှာယူသုံးဆောင်နိုင်ပါသည်။
• လူဦးရေ ၈ ယောက်မှ ၁၂ ယောက်အထိ ဝင်ဆံနိုင်သော Business Center တွင်လည်း ဧည့်သည်တော်များ၏ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ပါသည်။
WEDDING & CONFERENCE
လိုတေးလ် ဟိုတယ်ရန်ကုန်မှ တစ်သက်မှာတစ်ခါ တစ်ခါမှာတစ်ဘဝစာ အမှတ်တရထင်ကျန်ရစ်စေမည့် ခန်းနားထည်ဝါလှပသော မင်္ဂလာဆောင်အခမ်းအနားပွဲများ၊
အပြည်ပြည်ဆိုင်ရာညီလာခံ ပွဲများ၊ စီးပွားရေးဆိုင်ရာဆွေးနွေးပွဲများကို လက်ခံဆောင်ရွက်ပေးပါသည်။
• ကျွနု်ပ်တို့၏ လှပထည်ဝါခမ်းနားလှသော ဧည့်ခံဟောခန်းမ သည် လူဦးရေ ၆၀၀ ကျော်ခန့်ဝင်ဆံနိုင်ပါသည်။
• အံ့သြမှင်သက်ဖွယ်နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုကာ ဗီဒီယိုပိုင်းဆိုင်ရာ၊ မီးအလင်းအမှောင်ပိုင်းဆိုင်ရာများကိုလည်း ဆန်းသစ်လှပစွာ ဖန်တီးဝန်ဆောင်မှု ပေးပါသည်။
• အမျိုးမျိုးသောတွေ့ဆုံပွဲ၊ နိုင်ငံတော်အခမ်းအနားပွဲများအတွက်လည်း ခေတ်မှီလှပကျယ်ဝန်းသော အပြင်အဆင်ဖြင့် Sapphire ဧည့်ခန်းမသည်လည်း လူကြီးမင်းများပွဲကျင်းပရန် အကောင်းဆုံးသောခန်းမကျယ်တစ်ခု ဖြစ်သည်။